နိုဝင်ဘာ ၁၇၊ The Nation Voice
ဒီကနေ့ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ (၁၀၂) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ဒီကနေ့ နိုဝင်ဘာ(၁၇)ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
အဲ့ဒီလှုပ်ရှားမှုမှာ ကျောင်းသားသမဂ္ဂလူငယ်တွေစုပေါင်းပြီး “အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေ မှုန်းကြ”ဆိုတဲ့ စာသားပါဘန်နာကိုကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ချီတက်ခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသ များအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကကသ များအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသ များအဖွဲ့ချုပ်)၊ ရွေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသ များအဖွဲ့ချုပ်)၊ စမ်းချောင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသ များအဖွဲ့ချုပ်)၊ သာကေတမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသ များအဖွဲ့ချုပ်)၊ အရှေ့ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသ များအဖွဲ့ချုပ်)၊ ရန်ကုန်ရဲ့ သူပုန်များသပိတ်ကော်မတီ – YRSC၊ ရွှေ ပြည်သာမြို့နယ်သပိတ်ကော်မတီ (SPTSC) တို့ကအတူ ပူးပေါင်းပြီးဆောင်ရွက် ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။



