နိုဝင်ဘာ ၁၉၊ The Nation Voice
PDF Kalay တပ်ရင်း-၇ (မိုင်း Team)က ဆောင်းရာသီတိုက်ပွဲတွေအတွက် မိုင်းအလုံးရေအများအပြားထုတ်လုပ်ရာမှာပြည်သူလူထု အထောက်ပံ့များစွာလိုအပ်လျှက်ရှိနေတယ်လို့ သိရပါတယ်။
အခုလက်ရှိမှာ PDF Kalay တပ်ရင်း-၇ (မိုင်း Team)အနေနဲ့ ဆောင်းရာသီတိုက်ပွဲတွေမှာ အသုံးပြုဖို့ ရှေ့ထွက်မိုင်း(စစ်ကြိုက်သီး)တွေ ထုတ်လုပ်လျှက်ရှိ နေပါတယ်။
မိုင်း(စစ်ကြိုက်သီး) တစ်လုံးကို မြန်မာငွေ (၈)သောင်း ဝန်းကျင်ခန့်ကုန်ကျမှာဖြစ်ပြီး မိုင်းအလုံးရေအများအပြားထုတ်လုပ်ဖို့အတွက် ထောက်ပို့ငွေများစွာလိုအပ်လျှက်ရှိတာကြောင့် ပြည်သူတွေအနေနဲ့ ပါဝင်ကူညီအားဖြည့်ပေးကြဖို့ကို PDF Kalay တပ်ရင်း(၇)မေတ္တာရပ်ခံထားပါတယ်။
ပွင့်လင်းရာသီရောက်ပြီဖြစ်လို့ စီမံကိန်းဆွဲရာမှာကြိုတင်ပြင်ဆင်ရေး အတွက်ထောက်ပို့ငွေ အရမ်းလိုအပ်နေတာကြောင့် အခုလိုအကူအညီတောင်းခံရတာ ဖြစ်တယ်လို့ PDF Kalay တပ်ရင်း (၇)က ထုတ်ပြန်ထားပါတယ်။



