ကလေးမြို့ရဲ့ ပျက်ရက်မရှိ၆၅၁ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်သပိတ်

နိုဝင်ဘာ၂၀၊The Nation Voice

စစ်ကိုင်းတိုင်း ကလေးမြို့တစ်နေရာမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ညသပိတ်ကို မနေ့ကပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီသပိတ်ကို ကလေးမြို့ပင်မသပိတ်အင်အားစုကဦးဆောင်ပြီးစစ်တပ်ထုတ်ကုန်မှန်သမျှ စစ်ကိုင်းတိုင်းမှာမရှိစေရ

စာတန်းပါ ပိုစတာကိုကိုင်ဆောင်ကာ ဒေသခံအများအပြားနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြတာပါ။

ကလေးမြို့ပင်မသပိတ်ဟာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဒီနေ့အထိပျက်ရက်မရှိတဲ့ ၆၅၁ရက်မြောက်သပိတ်လည်းဖြစ်ပါတယ်။

သတင်းနဲ့ဓာတ်ပုံကို Voice Of Kalayကပေးပို့ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *