မြိုင်နယ်ထဲကဒေသခံပြည်သူတွေက MVRF ဆီကိုစားနပ်ရိက္ခာတွေလာရောက်ကူညီထောက်ပံ့ပေး

နိုဝင်ဘာ ၂၀၊ The Nation Voice

မကွေးတိုင်းအခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ပခုက္ကူခရိုင်တပ်ရင်း – ၆ ( MVRF )တပ်ခွဲ(၁) ဆီကို နိုဝင်ဘာ(၁၈)ရက်နေ့မှာ မြိုင်နယ်တွင်း ကျေးရွာတစ်ရွာက ဒေသခံပြည်သူတွေက ဒေသထွက် မြေပဲ ၊ဆီ စတဲ့စားနပ်ရိက္ခာတွေလာရောက်ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

အခုလိုပြည်သူတွေလာရောက်ထောက်ပံ့ကူညီပေးတဲ့အပေါ် MVRF တပ်ခွဲ(၁)အနေနဲ့လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျရှုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအတွက်ပါဝင်ပေးကြပါတဲ့ဓမ္မဘက်တော်သား၊ပြည်သူအားလုံးကိုလည်း ဘေးကင်းကြပါစေလို့ ဆုတောင်းမေတ္တာပို့ထားပါသေးတယ်။

မကွေးတိုင်းထဲက တော်လှန်ရေးအဖွဲ့တွေဟာ ဒေသခံပြည်‌သူတွေ ကောက်ပဲသီးနှံရိတ်သိမ်းချိန်ဆိုရင် ပြည်သူတွေနဲ့အတူ ဝင်ရောက်ကူညီလုပ်ကိုင်ပေးလေ့ရှိပြီး ပြည်သူတွေအနေနဲ့လည်း သီးနှံ‌တွေထွက်တဲ့အချိန်ဆိုရင် တော်လှန်ရေးအဖွဲ့တွေရဲ့ စားနပ်ရိက္ခာအတွက် ပါဝင်ကူညီပေးလေ့ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *