နိုဝင်ဘာ ၂၁၊ The Nation Voice
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာက စစ်ကောင်စီ သတင်းပေး၊ တပ်ထွက် မြင့်ဆွေဆိုသူကို မနေ့က ဆိုင်ကယ်ပြင်နေချိန် သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ပကဖ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပုသိမ်ကြီးမြို့နယ်က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ (၂၀) ရက် ညနေပိုင်းက စစ်ကောင်စီ သတင်းပေး မြင့်ဆွေကို ပုသိမ်ကြီး ပကဖ နဲ့ G-6 Stars မြို့ပြပြောက်ကျား ညီနောင်တို့ ပူးပေါင်းပြီး နှုတ်ခမ်းနီတစ်တောင့် ဆိုးပေးကာ သစ္စာဖောက်တို့ သွားရာလမ်း ပို့ပေးလိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုသိမ်ကြီးမြို့နယ်(ပကဖ)က ဆိုပါတယ်။
စစ်မှုထမ်းဟောင်း မြင့်ဆွေကို ဆိုင်ကယ်စီး လူနှစ်ဦးက အနီးကပ် ပစ်ခတ်ခဲ့တဲ့အတွက် မေးစေ့အောက်မှာ ဖောက်ဝင်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားတာဖြစ်ပြီး လာရောက်ပစ်ခတ်တဲ့ ပြောက်ကြားအဖွဲ့တွေကို စစ်တပ်ကလိုက်ဖမ်းခဲ့ပေမယ့် မြင့်ဆွေရဲ့ တပည့်ကို မှားယွင်းဖမ်းဆီးခဲ့တာကြောင့် ပြောက်ကျားအဖွဲ့တွေ လွတ်မြောက်သွားတယ်လို့သိရပါတယ်။
