မုံရွာနယ်အတွင်း လုယက်၊ခိုးယူမှု (၂၇)မှုကျူးလွန်ထားသူတစ်ဦးကို မြို့နယ် ပ.လ.ဖက ဖမ်းဆီးစစ်ဆေး

နိုဝင်ဘာ ၂၁၊ The Nation Voice

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်အတွင်းမှာ လုယက်၊ခိုးယူမှု (၂၇)မှု ကျူးလွန်ထားသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးထားကြောင်း မုံရွာမြို့နယ်-ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီကနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

လုယက်၊ခိုးယူမှု (၂၇)မှု ကျူးလွန်ထားသူမှာ အသက်-(၂၆)နှစ်ခန့်အရွယ်ရှိတဲ့ ချမ်းငြိမ်းဆိုသူဖြစ်ပြီး ရိုက်နှက်လုယူမှု(၆)မှုနဲ့ ခိုးယူမှု (၂၁)မှုတို့ကို ကျူးလွန်ထားကြောင်း ဖော်ပြထားပါတယ်။

“မျက်နှာဝါးမှု အတွက်အနူးအညွတ်တောင်းပန်အပ်ပါသည်။နောက်ဆက်တွဲကိစ္စများ ဖော်ထုတ်ရန်အတွက်ဝါးထားမှုကိုနားလည်ပေးပါရန်မိဘပြည်သူများအားအသိပေးအပ်ပါသည်”လို့ မုံရွာမြို့နယ်-ပလဖက ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒါ့အပြင် နောက်ထပ်ကွင်းဆက်တရားခံတွေလည်းရှိနေပြီး အဲ့ဒီတရားခံတွေကို တစ်ရက်စီချပြပေးသွားမယ်လို့ အသိပေးထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာကို အခွင့်ကောင်းယူပြီး ခိုးဆိုးလုနှိုက်လုပ်နေတဲ့ ဓားပြအဖွဲ့တွေ၊မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေတဲ့ မူးရစ်ဂိုဏ်းတွေနဲ့ သူခိုးတွေကို PDF ၊မြို့နယ်(ပအဖ)၊မြို့နယ်(ပလဖ)တို့က ဖမ်းစီးစစ်ဆေး အရေးယူတာတွေ လုပ်ဆောင်လျှက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *