နိုဝင်ဘာ ၂၁၊The Nation Voice
စစ်ကိုင်းတိုင်း၊ဝက်လက်နယ်အတွင်းက အကြမ်းဖက်စစ်တပ် ဒေသခံတပ်တွေရဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး (၁၁)ဦးအထိသေဆုံးခဲ့ကြောင်း ဒေသခံတပ်တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
နိုဝင်ဘာ(၁၉)ရက် ည(၉)နာရီလောက်က ဝက်လက်မြို့နယ်၊လှတောရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသခံတပ်တွေကလက်လုပ် (၆၀) မမ ၊ (၉၀)မမ တွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား(၁)ဦးသေဆုံးကာ အများအပြာထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မတစ်ထောင် – တစ်ကောင်ဘွား (ဒီပဲယင်း)က ဒီကနေ့မှာသတင်းထုတ်ပြန်ထားပါတယ်။
အလားတူ နိုဝင်ဘာ(၂၀)ရက် နေ့လည်ပိုင်းလောက်မှာလည်း ဝက်လက်မြို့နယ်၊ခေါတောကျေးရွာဘက်ကို ဖောကားတစ်စီးနဲ့တက်လာတဲ့ အင်အား(၃၅)ဦးခန့်ပါ အကြမ်းဖက်စစ်အုပ်စုကို ခေါတောရွာအရှေ့ဘက်တစ်နေရာမှာ ပဒေသာမိုင်း(၆)လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ People’s Army To Fight Dictatorship(PAFD)က အသိပေးထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တက်ဘက်က(၁၀)ဦးအထိသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ PAFD(ဝက်လက်)နဲ့အတူ ဗိုလ်လှိုင်ဘွားအဖွဲ့.တပ်ခွဲDK PDF(MMU)၊ People’s knight Defense Force Myinmu (PKDF-MMU) ၊ TAUNGTHA PDF (TTAPDF) ၊ D.B.B.F-MMU စတဲ့မဟာမိတ်အဖွဲ့တွေက အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။
See translation
