နိုဝင်ဘာ ၂၁၊ The Nation Voice
မကွေးတိုင်းအခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Asia Defence Force (ADF) တပ်ဖွဲ့ဟာ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရာမှာ ပိုမိုထိရောက်စွာတော်လှန်နိုင်ရေးအတွက် အဖွဲ့ကိုဖျက်သိမ်းပြီး ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)နဲ့ ပေါင်းစည်လိုက်ကြောင်း ဒီကနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
“ကျွန်ုပ်တို့အဖွဲ့သည် Yaw Revolution Army (YRA – ထီးလင်း) နှင့် ပူးပေါင်းဖွဲ့စည်းကာ NUG MOD လက်အောက်ခံ ခရိုင်တပ်ရင်း အတွင်းသို့ ဝင်ရောက်၍ အကြမ်းဖက် စစ်ကောင်စီတပ်ကို အမြစ်ပြတ်သည်အထိ တော်လှန် တိုက်ထုတ်သွားပါမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်” လို့ ADF က ထုတ်ပြန်ပြောဆိုထားပါတယ်။
ADF တပ်ဖွဲ့အနေနဲ့ “ထီးလင်းမြို့နယ်ညီညွတ်ရေးနှင့် အကြမ်းဖက်စစ်ကောင်စီတပ်အားပိုမိုထိရောက်စွာတော်လှန်နိုင်ရေး” ကိုရှေးရှူပြီး အခုလိုပေါင်းစည်းလာတဲ့အပေါ် YRA(ထီးလင်း)အနေနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်းနဲ့ စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်ရန် ကြိုးပမ်းသွားမယ်လို့ ပြည်သူတွေကို အသိပေးထားပါတယ်။
YRF (ထီးလင်း)အဖွဲ့ဟာ နိုဝင်ဘာ(၁၀) ရက်နေ့က အကြမ်းဖက်စစ်ကောင်စီကို ပိုမိုထိရောက်စွာ တော်လှန်နိုင်ရေးအတွက် ယောဒေသကာကွယ်ရေးတပ်-YDF လက်အောက်ခံ အဖြစ်ကနှုတ်ထွက်ကာ အင်အား(၅၁၀)ခန့်နဲ့ ယောတော်လှန်ရေးတပ်(ထီးလင်း)အဖြစ် ရပ်တည်နေတဲ့တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပါတယ်။
#thenationvoicemyanmar#yrf#adf#ထီးလင်း#မကွေး
