ဝက်လက်နယ်မှာ တပ်စွဲထားတဲ့အကြမ်းဖက်စစ်တပ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ (၂)ဦးသေဆုံး
နိုဝင်ဘာ ၂၁၊ The Nation Voice
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် လှတောကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို နိုဝင်ဘာ(၁၉)ရက်နေ့က ဒေသခံတပ်တွေနဲ့အတူ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း M. T BLACK DRAGON PEOPLE DEFENCE FORCE က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ(၁၉)ရက် ညပိုင်းလောက်မှာ လှတောရွာက အကြမ်းဖက်စစ်အုပ်စုကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ဒေသခံတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက်က စစ်သား(၂)ဦးသေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ M. T Black Dragon Peoplo Defence Force နဲ့အတူ အခြားမဟာမိတ်အဖွဲ့တွေက အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ နိုဝင်ဘာ(၂၀)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်လောက်မှာလည်း ရွှေဘိုမြို့ရှောင်လမ်းပေါ်မှာ ဆီဘောက်ဆာကားကိုလုံခြုံရေးယူပေးလာတဲ့ ရဲကား(၁)စီးကို M. T Black Dragon Peoplo Defence Force နဲ့ ဒေသခံတပ်တွေကအတူ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား(၂)ဦးသေဆုံးကာ (၃)ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။

See Insights and Ads