နိုဝင်ဘာ ၂၁၊ The Nation Voice
တနင်္သာရီတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ PDF မြိတ်ခရိုင်တပ်ရင်း-၂ဟာ နိုဝင်ဘာ(၁၈)ရက်နေ့က အပတ်စဉ်(၅) အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း ဒီကနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
အဲ့ဒီစစ်သင်တန်းဆင်းပွဲမှာ သစ္စာအဓိဌာန်ရွတ်ခြင်း၊ကတိသစ္စာရေသောက်ခြင်းနဲ့ တပ်ရင်းဗိုလ်ကြီးက မိန့်ခွန်းပြောကြားပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင် တပ်ရင်း -(၂) သည် အာဏာရှင်အဆုံးထိတော်လှန်ရေးသန္နိဌာန်ချ၍ပြည်သူလူထုကို ကတိသစ္စာပြုပါသည်”လို့ PDF မြိတ်ခရိုင်တပ်ရင်း-၂က ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်းအတွင်း PDF မြိတ်ခရိုင်တပ်ရင်း-၂နဲ့ အကြမ်းစစ်တပ်တို့ မကြာခနဆိုသလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလေ့ရှိပါတယ်။
နိုဝင်ဘာ(၁၄)ရက်နေ့ကလည်း PDF မြိတ်ခရိုင်တပ်ရင်း-၂နဲ့ အကြမ်းစစ်တပ်တို့ ထိတွေ့တိုက်ပွဲ(၂)ကြိမ် ဖြစ်ပွားခဲ့ပြီး PDF ရဲဘော်(၁)ဦး လက်မောင်းထိမှန်ဒဏ်ရာရကာ အကြမ်းဖက်စစ်သား(၉)ဦးအထိသေဆုံးခဲ့ပါတယ်။





