နိုဝင်ဘာ ၂၃၊ The Nation Voice
PDF အားကောင်းပြီး နယ်မြေစိုးမိုးမှု များပြားတဲ့ စစ်ကိုင်းတိုင်းကို ကြံ့ဖွံ့ပါတီဥက္ကဌ ခင်ရီသွားရောက်ခဲ့ပြီး ပါတီကတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ခင်ရီဟာ ဒီလ (၂၁) ရက်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာရှိတဲ့ ပါတီရုံးခန်းမှာ ညနေ (၄) နာရီကနေ ညနေ ၆ နာရီ အချိန်ထိရှိနေခဲ့တာဖြစ်ပြီး အစောင့်အရှောက်အချို့လည်း ပါခဲ့တယ်လို့သိရပါတယ်။
ကြံ့ဖွံ့ဥက္ကဌသစ် ခင်ရီဟာ မင်းအောင်လှိုင်ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတာကြောင့် ကနဦးအနေနဲ့ ပါတီစုဖွဲ့မှုအားကောင်းစေဖို့ နိုင်ငံအနှံ့က ပါတီဝင်တွေနဲ့ တွေ့ဆုံစည်းရုံးတာတွေ ပြုလုပ်လျှက်ရှိနေပါတယ်။ ကြံ့ဖွံ့ဥက္ကဌသစ် ခင်ရီဟာ မင်းအောင်လှိုင်ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတာကြောင့် ကနဦးအနေနဲ့ ပါတီစုဖွဲ့မှုအားကောင်းစေဖို့ နိုင်ငံအနှံ့က ပါတီဝင်တွေနဲ့ တွေ့ဆုံစည်းရုံးတာတွေ ပြုလုပ်လျှက်ရှိနေပါတယ်။ မင်းအောင်လှိုင်ရဲ့ ရုပ်သေးရုပ်ဖြစ်တဲ့ ခင်ရီဟာ ကြံ့ဖွံ့ဥက္ကဌ ဖြစ်ဖြစ်ခြင်း ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ PDF တွေအနေနဲ့ သူ့ကို လာသတ်နိုင်တယ်လို့ စိန်ခေါ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။



