ပခုက္ကူနယ်အတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဒေသခံတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်

နိုဝင်ဘာ ၂၄၊ The Nation Voice

မကွေးတိုင်း၊ပခုက္ကူမြို့နယ် အနောက်ဘက် ဘုန်းကန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုစခန်းကို နိုဝင်ဘာ(၂၁)ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)MRGF က ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ(၂၁)ရက် ညနေ(၄)နာရီအချိန်လောက်မှာ ဘုန်းကန်ကျေးရွာအတွင်းက အကြမ်းဖက်စစ်အုပ်စုကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိနစ်(၃၀)ကြာအောင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်‌သေဆုံးမှုအခြေအနေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။

“အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားပြီး ဖရဲသီးမှ ပြန်ဆုတ်ရန်ဖုန်းဆက်သတိပေးလာသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်”လို့ MRGF ကအသိပေးထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)နဲ့အတူ တခြားဒေသခံမဟာမိတ်တပ်တွေက တညီတညွတ်တည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြပြီး အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

MGRFအဖွဲ့ဟာ နိုဝင်ဘာ(၁၆)ရက်နေ့တုန်းကလည်း ရေစကြိုနယ် အတွင်းသောင်းကြမ်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို လက်နက်ကြီးတွေနဲ့ မိနစ်(၃၀)ခန့်ကြာအောင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *