ပခုက္ကူမှာ စစ်သားတွေစားမယ့် ထမင်းကြော်ထဲ ပျူနှစ်ဦးက အိပ်ဆေးခတ်ပြီး သေနတ်သုံးလက်ယူပြေးကာ PDF ထံ အလင်းဝင်

နိုဝင်ဘာ ၂၄၊ The Nation Voice

မကွေးတိုင်း၊ ပခုက္ကူနယ်ထဲမှာ စစ်သားတွေစားမယ့် ထမင်းကြော်ထဲကို လက်ပါးစေပျူစောထီးနှစ်ဦးက အိပ်ဆေးခတ်ပြီး သေနတ်သုံးလက်ယူ ထွက်ပြေးကာ အလင်းဝင်လာတယ်လို့ မြိုင်(ပကဖ)က ပြောပါတယ်။

နိုဝင်ဘာ (၂၃)ရက်က ပခုက္ကူနယ် ဘုန်းကန်ရွာလမ်းခွဲနား တာဝန်ပေးခံရတဲ့ စစ်သားနဲ့ ပျူစောထီး (၁၅)ဦးအနက် ဖိုးချစ်နဲ့ ခိုင်ဇော်ဝင်းဆိုတဲ့ ပျူနှစ်ဦးက ထမင်းကြော်ထဲ အိပ်ဆေးခတ်ကျွေးခဲ့တာကြောင့် စစ်သားနဲ့ ပျူတွေ အိပ်ပျော်နေချိန် သေနတ်သုံးလက်ကို ယူပြေးခဲ့တာလို့ ဆိုပါတယ်။

စစ်သားနဲ့ ပျူတွေ အိပ်နေချိန် MA3 တစ်လက်၊ MA1 တစ်လက်၊ Carbine1 တစ်လက်၊ ကျည်ဘောက်ငါးခု ၊ ကျည် (၅၈)တောင့်၊ Carbine ဘောက်သုံးခု၊ကျည် (၅၂)တောင့် အသီးသီးကို ယူဆောင်ထွက်ပြေးလာတဲ့ ပျူနှစ်ဦးက မြိုင်(ပကဖ) တပ်ရင်း (၁)နဲ့ဆက်သွယ်ကာ ပြည်သူ့ဘက်ရပ်တည်ပြီး အလင်းဝင်ရောက်ခဲ့တာလို့ ဖော်ပြပါတယ်။

ဒါကြောင့် လက်နက်နဲ့အတူအလင်းဝင်လာတဲ့ ပျူစောထီးနှစ်ဦးကို ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ကျပ်သိန်း (၅၀)ဆီ ချီးမြှင့်ပြီး လွတ်လပ်စွာ နေထိုင်နိုင်တဲ့ နေရာသို့ပို့ဆောင်နေရာချထားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

#thenationvoicemyanmar

#ပခုက္ကူ#ပျူစောထီး#အိပ်ဆေးခတ်

Leave a Reply

Your email address will not be published. Required fields are marked *