သင်္ဃန်းကျွန်းမှာ တော်လှန်ရေးသမားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦး ပစ်ခံရ

နိုဝင်ဘာ ၂၄၊ The Nation Voice

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၃) ရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦး နေအိမ်မှာပဲ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ အနီးနားနေထိုင်သူတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းက အငြိမ်းစားဗိုလ်မှူးကြီး ဇော်နိုင်ဝင်းဟာ သုဝဏ္ဏ၊ (၂၃) ရပ်ကွက်၊ ကံ့ကော်မြိုင်လမ်းနဲ့ အင်ကြင်းမြိုင်လမ်းသွယ် (၄) ထောင့်ရှိ နေအိမ်ရှေ့မှာ ပန်းပင်တွေ ရေလောင်းနေတုန်းမှာ သေနတ်သမားတစ်ဦးက သူ့အိမ်ရှေ့အထိလာရောက် ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။

ပစ်ခတ်ခံရတဲ့အတွက် ယာရင်ဘတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တာကြောင့် တပ်မတော်စစ်ဆေးရုံကို ပို့ဆောင်ကုသနေပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ ရပ်ကွက်အတွင်းမှာ စီစီတီဗီကင်မရာတွေ တပ်ဆင်ထားတဲ့နေအိမ်တွေရှိတာကြောင့် အဲဒီနေအိမ်တွေက စီစီတီဗီမှတ်တမ်းတွေကို စစ်တပ်က လိုက်လံစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

အဲဒီအငြိမ်းစားဗိုလ်မှူးကြီးဆိုသူဟာ စစ်ကောင်စီရဲ့ သတင်းပေးလည်းဖြစ်သလို တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးသတ်ဖြတ်ရာမှာ ဦးဆောင်သူလည်း ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ သင်္ဃန်းကျွန်းမြို့နယ်မှာ PDF (၁၀) ဦး ဖမ်းဆီးရမိထားတယ်လို့ စစ်တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပြောဆိုနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *