စစ်ကိုင်းတိုင်းအတွင်းက အကြမ်းဖက်စစ်တပ်ကို ဒေသခံတပ်တွေက(၂)ကြိမ်မိုင်းဆွဲတိုက်ခိုက်

နိုဝင်ဘာ ၂၅၊ The Nation Voice

စစ်ကိုင်းတိုင်း၊ရွှေဘိုကနေ ကျောက်မြောင်းဘက်ကို တက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို နိုဝင်ဘာ(၂၃)ရက်နေ့က ပူးပေါင်းအဖွဲ့နဲ့အတူ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နေလစင်္ကြာ_Shwebo PDF က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ(၂၃) မနက်(၁၀)နာရီကျော်က ရွှေဘိုကနေ ကျောက်မြောင်းဘက်ကိုတက်လာတဲ့ ကားကြီး(၃)စီးပါ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို သတင်းကြိုရရှိတာကြောင့် ပဒေသာမိုင်း(၅)လုံးနဲ့ ကြိုတင်စောင့်ဆိုင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ယာဉ်တန်းက ကား(၃)စီးလုံး မိုင်းထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ နိုဝင်ဘာ(၂၄)ရက်နေ့မှာလည်း ခင်ဦးလမ်းဆုံကနေ သေနတ်တွေပစ်ဖောက်ပြီး ကိုးပင် စစ်တပ်လေ့ကျင့်ရေး(အမှတ်-၈)ထဲကိုပြန်လာတဲ့ အကြမ်းဖက်စစ်တပ် ကား(၁)စီးကို ဒေသခံတပ်တွေက အဝေးထိန်းရှေ့ထွက်မိုင်းအကြီးစား(၅)လုံးနဲ့ စောင့်ကြို ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီ‌ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ကားမှာ မှန်ကွဲပြီးကားမီးလုံးနဲ့ ဘော်ဒီအစိတ်အပိုင်းတွေ ပဲ့ကျန်ခဲ့ကာအကြမ်းဖက်စစ်သားတွေရဲ့ အသေအပျောက်စာရင်းကိုတော့ အတိအကျမသိရသေးဘူးလို့ Shwe Bo Defense Force (SBDF)က အသိပေးထားပါတယ်။

မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနားကားလမ်းမကြီးပေါ်မှာ ဒေသခံတပ်တွေစစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး ပြည်သူတွေအနေနဲ့ ည(၇)နာရီကနေ မနက်(၅)နာရီအတွင်းဖြတ်သန်းသွားခြင်းမပြုကြဖို့နဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ဝေးရာမှာနေကြဖို့ကို ဒေသခံတပ်တွေကအထူးမေတ္တာရပ်ခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *