၂၅ နိုဝင်ဘာ၊ The Nation Voice
စစ်ကောင်စီက ပြုလုပ်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားမှာ တော်လှန်ရေးအဖွဲ့တစ်ခုက ဝင်ရောက်ဆန္ဒပြနိုင်ခဲ့တယ်လို့ စမ်းချောင်းပင်ပ သပိတ်စစ်ကြောင်း ထုတ်ပြန်ပါတယ်။ ဒီပွဲဟာ စစ်ကောင်စီခန့်ဝန်ကြီး သက်သက်ခိုင် တက်ရောက်ပြီး မိန့်ခွန်းပြောတဲ့ပွဲဖြစ်ကာ လူကိုယ်တိုင်နဲ့ online က တက်ရောက်ခြင်း ပုံစံနှစ်မျိုးပေါင်းလုပ်ထားတဲ့ Hybrid ပုံစံအခမ်းအနားဖြစ်တာကြောင့် တော်လှန်ရေးရဲဘော်တွေအနေနဲ့ စစ်ကောင်စီ ရဲ့ Zoom အစည်းအဝေးကိုထဲကို ဝင်ရောက် ဆန္ဒပြခဲ့တာပါ။
အခမ်းအနားအတွင်းမှာ “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ၊ “မုဒိမ်းစစ်တပ်အမြစ်ဖြတ်” စာသားနှစ်ခုပါတဲ့ Zoom နောက်ခံပုံတွေ ပြောင်းကာ ပြသခဲ့တာလည်း ဖြစ်ပါတယ်။ တော်လှန်ရေးရဲဘော်တွေအနေနဲ့ စစ်ကောင်စီရဲ့ လူကယ်ပြန်ဌာနထဲက တော်လှန်ရေးဘက်တော်သားတွေရဲ့ကူညီမှုနဲ့ အခမ်းအနားအတွင်းကို ဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီး (၅) မိနစ်ကြာ ဆန္ဒပြနိုင်ခဲ့တာဖြစ်ကာ စစ်ကောင်စီဆန့်ကျင်ရေး ဗီဒီယိုဖွင့်ခြင်း၊ အသံဖြင့်ဆန္ဒထုတ်ဖော်ခြင်းများပြုလုပ်ဖို့ ရည်ရွယ်ထားပေမယ့် Zoom Setting မှာ အဆိုပါလုပ်ဆောင်ချက်တွေကို ပိတ်ထားတဲ့အသည့်အတွက် စစ်ကောင်စီ ဆန့်ကျင်ရေး နောက်ခံပုံ ပြောင်းခြင်းဖြင့်သာ ဆန္ဒထုတ်ဖော်နိုင်ခဲ့တာလို့ သိရပါတယ်။



