စစ်ကား (၁၅) စီးနဲ့ စစ်ကူလာတဲ့စစ်ကြောင်းကို မိုင်း ငါးကြိမ်ဆွဲ၊ စစ်သား (၁၁) ဦးအထိ သေ

နိုဝင်ဘာ ၂၆၊ The Nation Voice

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ စစ်ကိုင်းမြို့ဘက်ကိုသွားတဲ့ ကြေးနီတင်ကား (၁၀) စီးကို မနေ့က မွန်းတည့်ချိန်လောက်မှာ မိုင်းတစ်ကြိမ်ဆွဲကာ တိုက်ခိုက်ခဲ့သလို စစ်ကိုင်းကနေ မုံရွာကိုသွားတဲ့ စစ်ကား (၁၅) စီးကိုလည်း မွန်းလွဲ (၂) နာရီခန့်မှာ သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ People’s Army To Fight Dictatorship က ထုတ်ပြန်ပါတယ်။

စစ်ကား(၁၅)စီးအနက် တစ်စီးဟာ တည့်တည့်ထိမှန်ပြီး တိမ်းမှောက်ခဲ့ရာ စစ်သား (၆) ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိမ်းမှောက်နေတဲ့ စစ်ကားကို မြင်းမူမြို့ထဲကနေ ခြေလျင်လုံခြုံရေးလာပေးတဲ့ စစ်ကြောင်းကိုလည်း ညနေ (၄) နာရီလောက်မှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား (၅) ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိမ်းမှောက်ပျက်စီးနေတဲ့ ကားနဲ့ စစ်သားတွေကို မုံရွာဘက်က သံချပ်ကာကား နှစ်စီး၊ အင်အား (၁၀၀) နဲ့ လုံခြုံရေးယူကာ ဒီနေ့မနက်ပိုင်းမှာ မုံရွာဘက်ကို သယ်ယူသွားတယ်လို့လည်း ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကိုPeople’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊People’s knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

#thenationvoicemyanmar

#မုံရွာ#စစ်ကိုင်း#မိုင်းဆွဲတိုက်ခိုက်

Leave a Reply

Your email address will not be published. Required fields are marked *