ဒုံးတပ်ရင်းက တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်စာရင်းပေါက်ကြားပြီး ဖုန်းသုံးခွင့်ပိတ်ခံရ

နိုဝင်ဘာ ၂၆၊ The Nation Voice

စစ်ကောင်စီရဲ့ ဒုံးတပ်ရင်းက တာဝန်ထမ်းဆောင်နေတဲ့ အရာရှိအဆင့်၊ အခြားစစ်သည်အဆင့် စာရင်းတွေ ပေါက်ကြားလာပြီးနောက် အဲဒီတပ်ရင်းမှာရှိတဲ့ အခြားအဆင့် စစ်သည်တွေကို ဖုံးသုံးခွင့်ပိတ်ပင်လိုက်တယ်လို့ ဇင်ယော် – ပြည်သူ့စစ်သား က ပြောပါတယ်။ ကမ္ဘာ့ဖလားကြောင့် ပြည်သူတွေ တော်လှန်ရေးအပေါ်မှာ သွေးအေးသွားပြီလို့ ထင်ရှိခဲ့ပေမယ့် ပြည်သူတွေရဲ့စိတ်ထဲမှာ အကြမ်းဖက်စစ်တပ်ကို ဘယ်လိုတော်လှန်ရမလဲဆိုတာ ရှိနေတဲ့ ပြည်သူတွေကြောင့် အားတက်ရပြီး လက်ရှိရရှိထားတဲ့ ဒုံးတပ်ရင်း တစ်ရင်းစာ အမည်စာရင်းကို တပ်တွင်းဖရဲသီးထံက ရရှိခဲ့တာမဟုတ်ဘဲ ပြည်သူတွေထံက အဆင့်ဆင့်ရရှိခဲ့တာဖြစ်တယ်လို့ သူကပြောပြပါတယ်။ “ နာမည်စာရင်းရတာ ဘာမှအရေးကြီးတာမဟုတ်ပေမယ့် Social Media မှာပါလာရင်ကို စစ်တပ်ဟာ ကြောက်လန့်တတ်ပါတယ်။ Documents နဲ့တင်ပြရင် အားရတဲ့သူတွေအတွက်လည်း Moti ပေါ့ဗျာ။ တစ်ခုတော့ သတိထားသင့်နေပါတယ်။ တစ်ချို့ PDF တွေရဲ့ အရေးကြီး အသေးစိတ် အချက်အလက်တွေကိုလည်း စကစဘက်က ရနေတာတွေရှိနေပါတယ်။ သူတို့ဆီက Data ပဲရချင်ပါတယ်။ ကိုယ့်ဆီကတော့ ဘာမှပါလို့မရပါဘူး။ နံရံတိုင်းမှာ နားတွေရှိနေပါတယ်။ လုံးဝ ဂရုစိုက်ပေးကြပါ။ တော်လှန်ရေးနဲ့ ဖျော်ဖြေရေးကွဲပြားသင့်နေပါပြီ ” လို့ ဇင်ယော် – ပြည်သူ့စစ်သား က ပြောပါတယ်။ အဲဒီဒုံးတပ်ရင်းမှာရှိတဲ့ အရာရှိအဆင့်နဲ့ အခြားအဆင့်အရေအတွက်ဟာ တစ်ရာကျော်ရှိပြီး နောက်ဆက်တွဲသတင်းတွေအရ ဒုံးတပ်ရင်းတွေမှာ အခြားအဆင့်စစ်သည်တွေကို နေ့ပိုင်းမှာ ဖုန်း အသုံးပြုခွင့်လုံးဝမပေးတော့ဘဲ ပုံမှန် ည (၇) နာရီကနေ (၁၀) နာရီခွဲအထိ အစည်းအဝေးတွေကျင်းပကာ “သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း “တွေသာ ပြောဆိုနေတဲ့အတွက် စိတ်ဓါတ်ပျက်ပြားနေကြတယ်လို့ သိရပါတယ်။ #thenationvoicemyanmar #ဒုံးတပ်ရင်း #အမည်စာရင်းပေါက်ကြား

Leave a Reply

Your email address will not be published. Required fields are marked *