နိုဝင်ဘာ၂၈၊ The Nation Voice
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ရွှေပြည်သာရွာအနီးမှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့် နွားတစ်ကောင်သေဆုံးပြီး အဲ့ဒီလမ်းတွေကိုသွားလာခြင်းမပြုဖို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်သားတွေဟာနို၀င်ဘာ၂၆ရက်နေ့ကခင်ဦးမြို့နယ် လမ်းပိုင်းတွေဖြစ်တဲ့ ခင်ဦး-ရွှေဘို လမ်း(ရွှေဘို-မြစ်ကြီးနား လမ်း) ၊ခင်ဦး-ရေဦး လမ်းပိုင်းတွေမှာကင်းပုန်းတွေချထားခဲ့တာလို့ဆိုပါတယ်။
မနေ့ကမနက်ပိုင်းမှာတော့ ရွှေဘိုလေ့ကျင့်ရေး(၈)မြောက်ဘက် ရွှေပြည်သာရွာအနီးမှာ မြေမြုပ်မိုင်းတွေထောင်ထားခဲ့တာကြောင့် မိုင်းနင်းမိပြီးနွားတစ်ကောင်သေဆုံးသွားတယ်လို့သိရပါတယ်။
” ရွာအနီး လမ်းဘေးတွေ မှာထောင်ထားတာ ဘယ်သူမှ ထောင်ခဲ့တဲ့နေရာတွေအတိအကျ မသိရသေးတဲ့အတွက် ဘာမှ မလုပ်နိုင်သေးပါဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီရဲ့ ထောင်ထားတဲ့နင်းမိုင်းတွေကြောင့် နွားကျောင်းသားနဲ့တောင်သူတွေသတိထားသွားလာဖို့ကိုလည်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကဖော်ပြထားပါတယ်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့-Amnesty International ကတော့ စစ်ကောင်စီရဲ့မြေမြုပ်မိုင်းအများအပြားအသုံးပြုတာဟာ စစ်ရာဇ၀တ်မှုတွေကိုကျူးလွန်နေတာလို့ ၂၀၂၂ ဇူလိုင်လ၂၀ရက်က ပြောဆိုထားပါတယ်။


