နိုဝင်ဘာ ၂၈၊ The Nation Voice
တနင်္သာရီမြို့နယ်၊လယ်သစ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ဒေသခံတပ်တွေ နိုဝင်ဘာ(၂၅)ရက်နေ့ကစပြီး နိုဝင်ဘာ(၂၇)ရက်နေ့အထိ (၃)ရက်ဆက်တိုက် တိုက်ခိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတပ်တွေဆီက သိရပါတယ်။
တိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က (၆)ဦးအထိသေဆုံးခဲ့ပြီး PDF တွေဘက်က ရဲဘော် (၁)ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေ အတွင်းမှာ ဒေသခံတပ်တွေဘက်က အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ပုံတွေကို ဖော်ပြထားပါတယ်။
“အထက်ပါသတင်းထုတ်ပြန်ချက်များသည်မြေပြင်တည်ငြိမ်မှုမရရှိသေးသောကြောင့်နှောက်နှေးကြန့်ကြာခဲ့ခြင်းဖြစ်ပါသည်”လို့ တနင်္သာရီကာကွယ်ရေးပြောက်ကျား(ပကဖ)က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှာကိုတော့ တနင်္သာရီကာကွယ်ရေးပြောက်ကျား(ပကဖ)ကဦးဆောင်ပြီး မြိတ်ခရိုင်တပ်ရင်း(၂)တပ်ခွဲ (၂) PDF နဲ့ကျွန်းစု(ပကဖ)ပူးပေါင်းတပ်တို့က အတူပူးပေါင်းပြီးလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအရ လုံခြုံရေးကိုရှေးရှုပြီး ဒေသခံပြည်သူနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ သတိရှိစွာ သွားလာနေထိုင်ပေးကြဖို့ ဒေသခံတပ်တွေက မေတ္တာရပ်ခံ ထားကြပါတယ်။




