မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကရတဲ့ တော်လှန်ရေး ရန်ပုံငွေ ကျပ် သိန်း (၄,၆၀၀) ကို လွှဲပြောင်း

နိုဝင်ဘာ ၂၈၊ The Nation Voice

မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းကနေ ရရှိတဲ့ ရန်ပုံငွေ ကျပ် သိန်း (၄,၆၀၀) ကို ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဒေသအသီးသီးက တော်လှန်ရေးအဖွဲ့တွေဆီကို လွှဲပြောင်းပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာ (၂) ရက်နေ့ကစတင်ကာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ စတင်ပြသခဲ့ပြီး အဖွင့်ပွဲမှာပဲ ရုံပြည့်ရုံလျှံအားပေးမှု ရရှိခဲ့တဲ့ မသောက်မိသောမိုးခါးရေ ဇာတ်လမ်းကို အမေရိကန်၊ ဂျပန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမဏီ၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ ဩစတေးလျ၊ နယ်သာလန်၊ ကိုရီယား၊ ထိုင်ဝမ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဂျမေကာ၊ ကနေဒါ အစရှိတဲ့ နိုင်ငံပေါင်း (၂၀) ရဲ့ မြို့ကြီး (၅၄) မြို့မှာပြသခဲ့ပြီး ဆက်လက်ပြီးတော့လည်း ပြသနေဆဲ ဖြစ်ပါတယ်။

ရုပ်ရှင်ပြသရေးကရရှိလာတဲ့ ရန်ပုံငွေတွေကို ကိုပေါက်နဲ့မိုးခါးရေပြသရေးကော်မတီက တာဝန်ရှိသူတွေက ငွေလက်ခံခြင်းမျိုးမပြုလုပ်ဘဲ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာဌာနတွေကို အပ်နှံခဲ့ပါတယ်။ ပဏာမအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(MOD)ဆီကို မြန်မာကျပ်ငွေ သိန်း (၃,၀၀၀)၊ ကော်ပရာစစ်ကြောင်းကို ကျပ်သိန်း (၅၀၀)၊ စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် (၄) MSPDF ကို ကျပ်သိန်း (၁၀၀)၊ မြင်းခြံခရိုင် တပ်ရင်းအမှတ်(၁)ကို ကျပ်သိန်း (၁၀၀)၊ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁၀၀၇) ၊ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁၀၀၂) ကို ကျပ်သိန်း (၁၀၀)၊ မင်းတုန်းမြို့နယ် တော်လှန်ရေးအဖွဲ့ (ပျံလွှား)ကို ကျပ်သိန်း (၁၀၀)၊ ပခုက္ကူခရိုင် တပ်ရင်း (10) တပ်ခွဲ (1) ကို ကျပ်သိန်း (၁၀၀)၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံတပ်ရင်း အမှတ်(၃) ကို ကျပ်သိန်း (၁၀၀)၊ ကျေးရွာတပ်ပေါင်းစု (ရေစကြို)ကို ကျပ်သိန်း (၁၀၀)၊ Chin defense force (ကန်ပက်လက်) ကို ကျပ်သိန်း (၁၀၀)၊ ဒုတပ်မဟာမှူး -ဆလိုင်းထွန်းလိန်းထန်း၊ ပဲခူးတိုင်းစစ်ဒေသခွဲ အတွင်းမှ တပ်ရင်း(၆)ရင်းက ရဲဘော်တွေအတွက် လိုအပ်ချက်များဖြည့်ဆည်းရန် ကျပ်သိန်း (၁၀၀)၊ ရန်ကုန်UG (နန်းထိုက်အောင်)-းကို ကျပ်သိန်း (၁၀၀)၊ ရန်ကုန်UG-Yangon liberation force ကို ကျပ်သိန်း (၁၀၀)၊ စုစုပေါင်း ကျပ်သိန်း (၄,၆၀၀) တိတိကို နိုဝင်ဘာ (၂၄) ရက်နဲ့ (၂၅) ရက်နေ့တို့မှာ ပေးအပ်ခဲ့ပါတယ်။ #thenationvoicemyanmar #မသောက်မိသောမိုးခါးရေ #တော်လှန်ရေးရန်ပုံငွေ #ဒါရိုက်တာကိုပေါက်

Leave a Reply

Your email address will not be published. Required fields are marked *