ဒီဇင်ဘာ ၁၊ The Nation Voice
စစ်ကောင်စီတပ်တွေနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ကယားပြည်နယ်၊ ဖရူဆိုမြို့အဝင်အထွက်မှန်သမျှကို ပိတ်လိုက်ကြောင်း ကရင်နီအစိုးရကကြေညာပါတယ်။
အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေတာ ယနေ့အထိဖြစ်တာကြောင့် ဖရူဆိုမြို့ရဲ့ အဝင်အထွက်အားလုံးကို နိုဝင်ဘာ (၂၈) ကစတင်ပြီး အကန့်အသတ်မရှိ ယာယီပိတ် လိုက်ကြောင်း ကြေညာထားတာလည်း ဖြစ်ပါတယ်။
လမ်းပိတ်ထားစဉ်ကာလအတွင်း ဝင်ထွက်သွားလာခြင်းတွေတွေ့ရှိပါက လုံးဝခွင့်ပြုမှာ မဟုတ်ဘဲ ပြန်လည်သွားလာနိုင်မယ့်အချိန်ကို အသိပေးမယ်လို့လည်းဆိုပါတယ်။ ကယားပြည်နယ်အနှံ့မှာ အာဏာသိမ်းပြီးနောက်ပိုင်းကရင်နီတပ်တွေနဲ့ စစ်တပ်တို့အကြား စစ်ပွဲတွေများစွာဖြစ်ပေါ်ခဲ့ပြီး ကရင်နီတပ်တွေရဲ့ နယ်မြေစိုးမိုးမှုနဲ့အတူ လမ်းပိုင်းဆိုင်ရာထိန်းချုပ်မှုတွေအားကောင်းတာကြောင့် အခုလို ကြေညာနိုင်တာလည်းဖြစ်ပါတယ်။
