ဇလုံရုပ်ပွားတော်လိုပင် TV စေတီတည်ဦးမည်

ဒီဇင်ဘာ ၁၊ The Nation Voice

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာမှာ တီဗွီအဟောင်းတွေနဲ့ စေတီတည်မယ်လို့သိရပါတယ်။

စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ပိတောက်ချပ်ရပ်ကွက်မှာ ဘကြီးမှုံဆိုသူက ဦးဆောင်ကာ တီဗွီအဟောင်း‌တွေ နဲ့ စေတီတည်ဖို့ တီဗီအဟောင်းတွေ လိုက်လံအလှူခံနေတာလည်းဖြစ်ပါတယ်။

တီဗီအဟောင်းတွေကို အလှူခံပါတယ်ဆိုတဲ့ ကြော်ငြာဆိုင်းဘုတ်ကို ပြင်ပနေရာတော်တော်များများမှာ လိုက်လံကြေညာစိုက်ထူထားတဲ့ ဓါတ်ပုံတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီးတဲ့နောက် လူမှုကွန်ယက်သုံးစွဲသူတွေက လှောင်ပြောင်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ် ရွှေနတ်ကယ်တောင်မှာ ဇလုံတွေနဲ့ တည်ဆောက်ထားတဲ့ ငွေကျပ်သိန်းပေါင်း ခြောက်သောင်းကျော် ကုန်ကျတဲ့ လျောင်းတော်မူ ရုပ်ပွားတော်ကြီးကို ဖွင့်လှစ်ခဲ့ပါသေးတယ်။

စစ်အာဏာရှင်တွေလက်ထက်မှာ စေတီ၊ ဘုရားအမျိုးမျိုးကို ငွေကြေးမြောက်မြားစွာသုံးစွဲပြီး ဘုရားဒါယိကာအမည်ခံ တည်ထားကိုးကွယ်ခဲ့ကြပေမယ့် ပြည်သူတွေကတော့ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ကြတယ်လို့ ပြည်သူတွေက ပြောဆိုကြပါတယ်။

#thenationvoicemyanmar

#ဇလုံရုပ်ပွါးတော်#တီဗွီစေတီ#ဘကြီးမှုံ

Leave a Reply

Your email address will not be published. Required fields are marked *