ဒီဇင်ဘာ ၁၊ The Nation Voice
ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးကို စစ်ကောင်စီ မတရားရုံးက သေဒဏ်ချမှတ်လိုက်ပြီဖြစ်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။ သေဒဏ်ချမှတ်ခံရသူတွေကတော့၂၀၂၂ ခုနှစ်၊ ဧပြီ (၂၁) ရက်မှာ မတရား ဖမ်းဆီးခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင် တို့ဖြစ်ပါတယ်။
မနေ့ နိုဝင်ဘာ (၃၀) ရက်က အင်းစိန်ထောင် စစ်ခုံရုံးကနေ ပုဒ်မ ၃၀၂ (က) နဲ့ မတရားစွပ်စွဲပြီး သေဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့လည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆိုပါတယ်။ ဒဂုံတက္ကသိုလ်ကကျောင်းသားတွေဟာ စစ်အာဏာရှင်တိုက်ထုတ်ရေး၊ ဆန့်ကျင်ရေးတွေမှာ ရှေ့ဆုံးကပါဝင်ခဲ့ပြီးတော့ အကျအဆုံးများစွာနဲ့ ယနေ့အထိတွန်းလှန်နေကြဆဲဖြစ်ပါတယ်။ #thenationvoicemyanmar #ဒဂုံတက္ကသိုလ်ကျောင်းသား #စစ်အာဏာရှင်ဆန့်ကျင်ရေး #သေဒဏ်ချမှတ်ခံရ
