ပေါက်မြို့နယ်မြောက်ပိုင်းကို ဖောကားသုံးစီးနဲ့လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ခြောက်ဦးဆေးရုံရောက်

ဒီဇင်ဘာ ၁၊ The Nation Voice

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းကို ဖောကားသုံးစီးနဲ့လာတဲ့ စစ်အုပ်စုကို မဟာမိတ်ညီနောင်တွေနဲ့ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်(ပကဖ)က ပြောပါတယ်။

မနေ့ နိုဝင်ဘာ (၃၀)ရက်၊ ညနေ (၄) နာရီလောက်က ပေါက်နယ်မြောက်ပိုင်း ချောင်းကူးရွာအရှေ့ဘက် (၆) ဖာလုံခန့်အကွာမှာ ပြတ်တောက်နေတဲ့မီးကြိုးတွေ ပြန်ဆက်ဖို့လာတဲ့ စစ်အုပ်စုကို (၅) နာရီ (၁၅) မိနစ်ခန့်အထိ တစ်နာရီကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦးဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရတယ်လို့ မြိုင်(ပကဖ)က ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာက လျှပ်စစ်ဓာတ်အားလိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းခွဲဖြတ်တောက်ထားတာကြောင့် စစ်ကောင်စီရဲ့ က.ပ.စ(၂၄)နဲ့ ကျော က.ပ.စ နှစ်ခုမှာ ထုတ်လုပ်ရေးမလုပ်နိုင်ဘဲ ရပ်နားထားရတယ်လို့ ဆိုပါတယ်။

အထက်ပါတိုက်ခိုက်မှုကိုတော့ မြိုင်(ပကဖ) တပ်ရင်း (၁)နဲ့ မြွေပွေးပျောက်ကျားအဖွဲ့၊ ကျေးရွာ Local အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *