စစ်တပ်ထိန်းချုပ်နယ်မြေကို ကရင်နီတပ်တွေ ပြန်လည်ထိန်းချုပ်

ဒီဇင်ဘာ ၂၊ The Nation Voice

ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU) ရဲ့ လှုပ်ရှားစစ်မျက်နှာဖြစ်တဲ့ ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာ အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ထိန်းချုပ်နယ်မြေကို ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) က ပြန်လည်ထိန်းချုပ်နိုင် ခဲ့တယ်လို့သိရပါတယ်။ အခြားတစ်ဖက်မှာလည်း KNDF, KA, KGZ, PDF တို့ပူးပေါင်း တပ်ဖွဲ့တွေက သေးဆူလဲ ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတွေနဲ့ ထိတွေ့တိုက်ခိုက်မူ ဖြစ်ပွားခဲ့ပြီး နယ်မြေတွေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ KRU က ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာအတွင်း နယ်မြေတွေ ပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ ရိက္ခာ၊ စွပ်ဗုံး၊ ကျည်ဆံနဲ့ အသုံးအဆောင်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေကို မိုင်းရှင်းလင်းရေးတွေ ပြန်လည် ပြုလုပ်တယ်လို့လည်း အသိပေးထားပါတယ်။ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) ဟာ အကြမ်းဖက်စစ်ကောင်စီတပ် အာဏာရူးတွေကို ရေကုန်ရေခမ်း တိုက်ထုတ်သွားမှာဖြစ်တာကြောင့် တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် လက်နက်၊ ကျည်ဆံတွေ ပိုမိုလှူဒါန်းပေးဖို့ အကူအညီတောင်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *