ဒီဇင်ဘာ ၂၊ The Nation Voice
နိုင်ငံတကာအသိုင်းအဝိုင်းက ချမှတ်ပေးတဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့အချက်ကို အသုံးချကာ စစ်အုပ်စုဘက်က စတင်ပြင်ဆင်လာတဲ့အပေါ်မှာ လုံးဝလက်မခံဘူးလို့ မန္တလေးမြို့အခြေစိုက် – တက္ကသိုလ်ကျောင်းသားသမဂ္ဂများက ကြေညာပါတယ်။ လက်ရှိမှာ လူသတ်ဖက်ဆစ်တပ်ဟာ ပြည်သူ့တွန််းလှန်မှုကို မခုခံနိုင်ဘဲ မြေပြင်စစ်ကနေ သံတမန်အဆင့်အထိ အဖက်ဖက်တွင် ကျရှုံးနေပြီး နွေဦးတော်လှန်ရေးခရီးကြမ်းဟာ အခုအခြေအနေကို ရောက်ဖို့အတွက် လွယ်လွယ်ကူကူ ရရှိခဲ့တာမဟုတ်ဘဲ “အသက်၊သွေး၊ချွေး၊မျက်ရည်”တို့နဲ့ ခင်းကာလျှောက်နေရတဲ့ ခရီးဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းစစ်ကိုမလိုလားတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ချပေးတဲ့ “တွေ့ဆုံဆွေးနွေးရေး” ဆိုတဲ့ အချက်ကို အသုံးချကာ ဖက်ဆစ်စစ်အုပ်စုနဲ့ လက်ပါးစေတို့ဟာ မိမိတို့အသာရရေးကို စတင်ပြင်ဆင်လာတာကို တွေ့ရှိနေရပြီဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
တိုင်းရင်းသားပြည်သူလူထုကို ခေတ်အဆက်ဆက် ဖိနှိပ်ရက်စက် သတ်ဖြတ်နေတဲ့ လူသတ်ဖက်ဆစ်တပ်နဲ့ စားပွဲဝိုင်းတွင်ထိုင်ကာ စကားပြောဆိုမှုကို မနှစ်မြို့ ရွံရှာပြီးတော့ ဖက်ဆစ်တပ်နဲ့ စားပွဲဝိုင်းမှာ ဆွေးနွေးသူ/ဆွေးနွေးမည့်သူမှန်သမျှ မိမိတို့သဘောထားမပါကြောင်းနဲ့ ရှုံချကြောင်း ကျောင်းသားတွေက တပါတည်းကြေညာထားပါတယ်။ မန္တလေးမြို့အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများဟာ ကျောင်းသားပြည်သူတို့ စတေးခံခင်းခဲ့တဲ့ တော်လှန်ရေးခရီးကြမ်းကိုသာ ဆက်လျှောက်မှာဖြစ်ပြီး ဖက်ဆစ်စစ်တပ်ပြုတ်မကျမခြင်း ရရာကဏ္ဍမှာ သွေးကြွေးဆပ်ရန် တိုက်ပွဲဝင်နေဦးမယ်လို့လည်း အသိပေးထားပါတယ်။
