ဒီဇင်ဘာ ၂၊ The Nation Voice
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမ တိုက်နယ်ဆေးရုံအနီး တပ်စွဲထားတဲ့စစ်အုပ်စုကို စလစ်မိုင်းအကြီးတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ God Of Burmese Army အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ (၁) ရက် မနက် (၇) နာရီခွဲခန့်က ကိုင်းတောမ တိုက်နယ်ဆေးရုံအနီး တပ်စွဲထားတဲ့ စစ်အုပ်စုကို စလစ်မိုင်းအကြီးနှစ်လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် စစ်အုပ်စုစစ်ကြောင်းဟာ သေဆုံးရုပ်အလောင်းတွေကို ဆွဲယူပြီး တပ်ပြန်ဆုတ်သွားခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီတိုက်ခိုက်မှုကို God of Burmese Army –GOBA ဗိုလ်မိုးကြိုးတပ်ဖွဲ့နဲ့အတူ မြိုင်(ပကဖ) တပ်ရင်း (၁) ၊ တပ်ခွဲ (၂) ဂဠုန်တပ်ဖွဲ့၊ ဗိုလ်တက်တူအဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
