ဒီဇင်ဘာ ၃၊ The Nation Voice
စစ်ခေါင်းဆောင် မင်းအောင်လှိုင် DSA ကျောင်းဆင်းပွဲကို ရောက်နေတဲ့အချိန် မန္တလေး − ပြင်ဦးလွင် အတက်လမ်းပိုင်းမှာ စစ်ကားတစ်စီး မိုင်းဆွဲခံခဲ့ရပါတယ်။
မနေ့က မွန်းလွဲပိုင်းလောက်မှာ မန္တလေး − ပြင်ဦးလွင် အတက်လမ်းပိုင်း သမ္မတောရွာနဲ့ သန့်စင်ကုန်းရွာကြားမှာ စစ်ကားမိုင်းဆွဲခံရတာလို့ အာဏာရှင် ရှင်းလင်းသုတ်သင်ရေး ( မြေခွေးအဖွဲ့)က ထုတ်ပြန်ပါတယ်။
မိုင်းဆွဲခံရတဲ့ နေရာဟာ မန္တလေးဘက်ခြမ်း အထွက်မှာဖြစ်ပြီး ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ ဝင် နှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများတယ်လို့ ဖော်ပြထားပါတယ်။
မင်းအောင်လှိုင် ပြင်ဦးလွင်ကိုရောက်ရှိနေချိန် မြို့ထဲမှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အခုလိုတိုက်ခိုက်ခံရတာကြောင့် မင်းအောင်လှိုင်က လေယာဉ်နဲ့ပဲ ပြန်သွားလောက်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားပါတယ်။
