မြိတ်ကနေ ဘုတ်ပြင်းမြို့ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို KNLA ပူးပေါင်းတပ်တွေကတိုက်ခိုက်

ဒီဇင်ဘာ ၃၊ The Nation Voice

တနင်္သာရီတိုင်း၊မြိတ်ကနေ ဘုတ်ပြင်းမြို့ကို စစ်ကူလာတဲ့ (၅)စီးပါ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ပူးပေါင်းအဖွဲ့တွေနဲ့တိုက်ခိုက်ခဲ့ကြောင်း KNLA- TCSJF (Tiger Comando Special Joint Force) က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မနေ့က ညနေ(၅)နာရီကျော်လောက်မှာ ဘုတ်ပြင်းမြို့ကို စစ်ကူလာတဲ့ အင်းအား(၁၀၀)ခန့်ပါတဲ့အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို KNLA ပူးပေါင်းအဖွဲ့တွေက တနင်္သာရီမြို့နယ်၊ထုံခါးရွာသင်္ချိုင်း၊ဒေသအခေါ် (မပိုက်ချောင်)နားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ်တန်း(၅)စီးအနက် (၂)စီးမှာပြန်ဆုတ်ပြေးသွားပြီး (၂၅)မိနစ်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရှိသူများပြားပြီး အသေအပျောက်စာရင်းကိုတော့ စီစစ်နေဆဲဖြစ်ကာ KNLA- TCSJF ပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံပူးပေါင်းတပ်တွေ မကြာခဏဆိုသလိုထိတွေ့တိုက်ပွဲတွေဖြစ်ပွားလျှက်ရှိ‌ပြီး နိုဝင်ဘာ(၂၉)ရက်နေ့တုန်းကလည်း တပ်ပြန်ဆုတ်လာတဲ့အကြမ်းဖက်စစ်တပ်ကို ဒေသခံတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်က (၄)ဦးအထိသေဆုံးပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *