ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာပြီလို့ KBC ဓမ္မဆရာ ပြော

ဒီဇင်ဘာ ၅၊ The Nation Voice

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က မန္တလေး လေဆိပ်မှာ ဒီကနေ့မနက်က ဖမ်းဆီးခဲ့ရာ အခုပြန်လွှတ်ပေးလိုက်ပြီလို့ ကြားရကြောင်း KBC ဓမ္မဆရာတော်တစ်ပါးက ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ မန္တလေးကနေ မြစ်ကြီးနားကို လေယာဉ်နဲ့ ပြန်လာပြီလို့ ကြားသိရပြီး ဖြစ်စဉ်အသေးစိတ်အခြေအနေကို သူနဲ့ တွေ့မှ သိရမယ်လို့ KBC ဓမ္မဆရာတစ်ပါးက ပြောပါတယ်။

ကချင်ဒေသခံတစ်ဦးကလည်း ထိုင်းနိုင်ငံကို သွားရောက်မယ့် ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြည်ပထွက်ခွာခွင့်ပိတ်ထားတာဖြစ်လို့ အခုလို စစ်ကောင်စီက တားမြစ်ခဲ့တာလို့ သိရကြောင်း ပြောပါတယ်။

“ပြန်ပို့လိုက်ပြီဆိုတာ ကြားရတယ်။ အတိအကျတော့ မသိရသေးဘူး။ ဖမ်းတယ်ဆိုတာ ကြားတော့ အားလုံးက စိတ်ပူတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ ကောင်းကောင်းမသိသေးတော့လေ”လို့ကချင်ဒေသခံက ပြောပါတယ်။

KBC ဥက္ကဋ္ဌ ဟောင်းဖြစ်တဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ လက်ရှိမှာ KBC ရဲ့ အကြံပေးဖြစ်ပြီး ကချင်လူထုအပေါ် ဩဇာသက်ရောက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *