ဒီဇင်ဘာ ၅၊ The Nation Voice
မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ နဂါးညီနောင်ပျောက်ကြားတပ်ဖွဲ့ရဲ့စခန်းကို အကြမ်းဖက်စကစဆီ သတင်းပေးလမ်းပြခဲ့တဲ့ ဒလန်ဆိုသူကို ဒီဇင်ဘာ (၂)ရက်နေ့က ရှင်းလင်းလိုက်ကြောင်း နဂါးညီနောင်ပျောက်ကြားတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ(၂)ရက်နေ့ မနက်(၃)နာရီလောက်မှာ လမ်းပြ၊သတင်းပေး ဒလန် ဖိုးသိန်းဆိုသူကို ကံသာတောထဲက သူ့နေအိမ်မှာပဲ ပတ်၀န်းကျင်အခြေနေကို စောင့်ကြည့်ကာ မနက်(၆)နာရီကျော်လောက်မှာ တစ်ထောင့်ထိုး သေနတ်နဲ့ (၅)ချက်တိတိ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်အတွင်းမှာ ဒလန် ဖိုးသိန်းဆိုသူဆီကနေသေနတ်အတိုတစ်လက်နဲ့ ငွေကျပ် (၂၆၁၀၀၀) ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ဒီမစ်ရှင်လေးကို တင်ပြချင်ပေမယ့် page(၂ )ရက်တိတိ ပိတ်ခံထားရသည့်အတွက် ဒီနေ့မှ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်”လို့ နဂါးညီနောင်ပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒလန်ဖိုးသိန်းဆိုသူဟာ နို၀င်ဘာလ (၂၃)ရက်နေ့က နဂါးညီနောင်ပျောက်ကြားတပ်ဖွဲ့ စခန်း ဝင်ရောက်စီးနင်းမှုဖြစ်စဉ်မှာ သတင်းပေး၊လမ်းပြပေးခဲ့သူတစ်ဦးဖြစ်ပြီး အဲဒီစခန်းအစီးခံရမှုကြောင့် နဂါးညီနောင်ပျောက်ကြားတပ်ဖွဲ့က ကင်းရဲဘော် (၂)ဦးဖြစ်တဲ့ ရဲဘော်ချစ်သဲ နဲ့ရဲဘော် ဖိုးလုံးတို့ အဖမ်းစီးခံလိုက်ရပါတယ်။
နိုဝင်ဘာ(၂၄)ရက်မှာတော့ ဖမ်းစီးခံလိုက်ရတဲ့ ရဲဘော်(၂)ဦးကို သတ်လိုက်ပြီဖြစ်ကြောင်း အကြမ်းဖက်စကစတပ်က နဂါးညီနောင်ပျောက်ကြားတပ်ဖွဲ့ဆီ ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။


