စစ်တပ်၊ ရဲနဲ့ ပျူတွေရဲ့ မီးရှို့ သတ်ဖြတ် ညှင်းပမ်းနှိပ်စက်တာတွေကို တိုင်ကြားဖို့ ပခုက္ကူ (ပအဖ) အသိပေး
ဒီဇင်ဘာ ၆၊ The Nation Voice
စစ်ကောင်စီလက်ပါးစေ ရဲနဲ့ပျူစောထီးတွေက မကွေးတိုင်း ပခုက္ကူနယ် အနောက်ကုန်းရွာကို မီးရှို့ဖျက်ဆီးလို့ နေအိမ် (၆) လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာ (၆)ရက်မှာ ထုတ်ပြန်ပါတယ်။
မနေ့ ညဦးပိုင်းက ပခုက္ကူမြိုနယ် အနောက်ကုန်း ကျေး ရွာရှိ နေအိမ်များအား အာဏာလုစစ်ကောင်စီ လက်ပါး စေများက မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
” ပြည်သူလူထုအနေဖြင့်အကြမ်းဖက်စစ်တပ်နှင့်လက်ပါး စေများ၏ အကြမ်းဖက်၊မီးရှို့၊ ညှင်းပန်းနှိပ်စက်အနိုင်ကျင့်ခံရမှုများအား ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ သတင်းပေးပို့ပေးကြပါရန်နှင့် မြို့နယ်တွင်းစစ်ဘေးရှောင်ပြည်သူလူထုအား ပခုက္ကူ ပအဖ မှတစ်ဆင့်ဖြစ်စေ နီးစပ်ရာတော်လှန်ရေးအင်အားစုများမှ တစ်ဆင့်ဖြစ်စေကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ” လို့ မြို့နယ်(ပအဖ)က ဖော်ပြပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ သူ့ရဲ့လက်ပါးစေတွေ မီးရှို့ဖျက်ဆီးလို့ ကျေးရွာပေါင်း (၁၁)ရွာခန့် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
ဓာတ်ပုံ – ကမ္မဟစ်တိုင်
