ဒီဇင်ဘာ ၆၊ The Nation Voice
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ ညဘက်သွားလာတာတွေရှောင်ရှားကြဖို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်းအမှတ် – ၃၅၀၁ တပ်ခွဲ ၂က ဒီကနေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စကစကို တော်လှန်ရာမှာ အမှားအယွင်းမရှိလှုပ်ရှားနိုင်ဖို့အတွက် အခုလိုထုတ်ပြန်ရတာဖြစ်ပြီး ည(၇)နာရီကနေ မနက်(၄)နာရီအချိန်အတွင်း အရေးပေါ်ကိစ္စကလွဲပြီး သွားလာလှုပ်ရှားတာတွေကို ရှောင်ရှားကြဖို့ အသိပေးထားပါတယ်။
ပဲခူးတိုင်းအတွင်းမှာ အကြမ်းဖက်စကစနဲ့ဒေသခံတပ်တွေ မကြာခနထိတွေ့မှုဖြစ်ပွားလျှက်ရှိပြီး နိုဝင်ဘာလတုန်းကလည်း အကြမ်းဖက်စကစရဲ့ ရဲစခန်းနဲ့ နေရာအချို့ကို KNLA/PDF နဲ့ ဒေသခံပူးပေါင်းတပ်တွေက တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။
