တပ်ရင်း (၂၆၆) က တပ်သား သုံးဦး လက်နက်နဲ့အတူအလင်းဝင်

ဒီဇင်ဘာ ၆၊The Nation Voice

အကြမ်းဖက်စစ်ကောင်စီတပ်ရင်း(၂၆၆) က စစ်ကောင်စီတပ်သား သုံးဦး လက်နက်နဲ့အတူ Chinland Defense Force Senthang ထံကို အလင်းဝင်ရောက်လာတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီတပ်သား သုံးဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၁) ရက်က အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး သူတို့နဲ့အတူ သေနတ်တစ်လက်၊ ကျည်ဆံ၊ လက်ပစ်ဗုံး သုံးလုံးတို့နဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Chinland Defense Force Senthang ထံကို လာရောက်ပူးပေါင်းတဲ့အတွက် နွေးထွေးစွာကြိုဆိုပြီး ထိုက်သင့်တဲ့ ဆုကြေးလက်ဆောင်တွေချီးမြှင့်ကာ လုံခြုံစိတ်ချရတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *