ဒီဇင်ဘာ ၈၊ The Nation Voice
ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် သတိပဌာန်ရပ်ကွက် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်လှိုင်ဝင်း (ခ) ကုလားကြီးကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ(၇)ရက်၊ ညနေ(၅)နာရီမှာ ဗိုလ်ကျောက်ခဲ ဦးဆောင်တဲ့ မြို့ပြပျောက်ကြားအဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ အဆိုပါ စစ်ဆင်ရေးတွင် အောင်လှိုင်ဝင်း(ခ)ကုလားကြီးကို သေနတ်နဲ့ (၄)ချက် ပစ်ခတ်ခဲ့တာကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီအုပ်ချုပ်ရေးမှူးဆီက လက်လုပ်သေနတ်အတို(၁)လက်၊ စည်းတံဆိပ်၊ မှတ်ပုံတင် နဲ့ အခြားစာရွက်စာတမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Bago Region PDF က ထုတ်ပြန်ပါတယ်။ တော်လှန်ရေးရဲဘော်တွေ စစ်ဆင်ရေးကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ #thenationvoicemyanmar #ပဲခူး #ကျောက်တံခါး #စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး
