ဒီဇင်ဘာ ၈၊ The Nation Voice
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ပြည်သူအခြေပြုပညာရေးကျောင်း (၆)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၉၀၀)ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့တယ်လို့ နွေဦးကံ့ကော် ပရဟိတဆေးခန်းတာဝန်ရှိသူက ပြောပါတယ်။
နွေဦးကံ့ကော်ဆေးခန်းအနေနဲ့ NUG အစိုးရ၊ ကျန်းမာ ရေးဝန်ကြီးဌာနရဲ့ ကူညီပံ့ပိုးပေးမှုနဲ့ စာသင်ကျောင်း (၆) ကျောင်းမှ ကျောင်းသားကျောင်းသူတွေကို ကျန်းမာရေးအသိ ပညာပေးဟောပြောခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်းနဲ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ ရေစကြိုမြို့နယ် ပညာရေးအဖွဲ့၊ လူသားစာနာအဖွဲ့နဲ့ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့များက ပူးပေါင်းဆောင် ရွက်ပေးခဲ့တာလို့ နွေဦးကံ့ကော်ပရဟိတဆေးခန်းက ပြောပါတယ်။
ကျောင်းကျန်းမာရေးပြုလုပ်ချိန်မှာ ဆရာ၊ ဆရာမနဲ့ ကျောင်းသားကျောင်းသူတွေရဲ့ လုံခြုံရေးကို ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့အတူ ပခုက္ကူခရိုင်တပ်ရင်း (၁၀)တပ်ခွဲ(၁) သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ရဲဘော်ညီနောင် ပြောက်ကျားတပ်ဖွဲ့၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ တို့က လုံခြုံရေးဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။
#ရေစကြို#ပြည်သူအခြေပြုပညာရေးကျောင်း#ကျောင်းကျန်းမာရေး










