တော်လှန်ရေးရဲဘော်တွေရဲ့ မိသားစုတွေကို ငွေညှစ်နေတဲ့ မင်္ဂလာဒုံရဲစခန်းကို လက်လုပ်မိုင်းနဲ့ ဖောက်ခွဲ

ဒီဇင်ဘာ ၈၊ The Nation Voice

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းကို UMCD အင်အားစုက တပ်ဖွဲ့တစ်ခု နဲ့ မဟာမိတ်တပ်ဖွဲ့ KMD 18 တို့ပူးပေါင်းပြီး မနေ့က အဝေးထိန်း လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစခန်းဟာ ဖမ်းဆီးခံရဲဘော်တွေရဲ့ မိသားစုဝင်တွေကို အကျပ်ကိုင် ငွေကြေးတောင်းခံခြင်း၊ ရပ်ကွက်ရှိလူမိုက်တွေနဲ့ ပေါင်းကာပြည်သူလူထုကို ဖိနှိပ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိတာကြောင့် တိုက်ခိုက်ခဲ့တာလို့ Union of Myanmar Civil Defence – UMCD က ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအပြီး စခန်းတွင်းရှိ ထိခိုက်မှုအခြေအနေသေချာမသိရသေးပေမယ့် အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ ရဲတွေ ပိတ်ဆို့စစ်ဆေးခဲ့ပြီး တော်လှန်ရေးအဖွဲ့သားတွေအားလုံး ဘေးကင်းရာကို ရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်း အသိပေးထားပါတယ်။

အကြမ်းဖက်စစ်တပ်ရန်သူ့စခန်းတွေကို ပြည်သူ့ဘက်တော်သား‌ တော်လှန်ရေးသမားတွေအနေနဲ့ ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။

#thenationvoicemyanmar

#မင်္ဂလာဒုံရဲစခန်း#လက်လုပ်မိုင်း

Leave a Reply

Your email address will not be published. Required fields are marked *