ဒီဇင်ဘာ ၈၊ The Nation Voice
စစ်ကိုင်းတိုင်း၊ မြောင်မြို့အဝင် လဝကရုံးထဲမှာ ကင်းပုန်းဝပ်နေရာယူထားတဲ့ စစ်တပ်ကို ဒီဇင်ဘာ (၅) ရက်မှာ မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့နဲ့အတူ မဟာမိတ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားတွေဟာ ပြန်မပစ်ရဲဘဲ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။
အချိန်အနည်းငယ်အကြာမှာတော့ ထွက်ပြေးသွားတဲ့ စစ်သားတွေဟာ အင်အားဖြည့်တင်းပြီး ပြန်လည်ရောက်ရှိလာတဲ့အတွက် ကြိုတင်စီစဉ်ထားတဲ့ ပဒေသာမိုင်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံလိုက်ရတဲ့ စစ်တပ်ဟာအထိနာခဲ့ပြီး သုံးဦးဟာ နေရာမှာပဲ မသေမရှင်ဖြစ်နေပြီး တချို့စစ်သားတွေဟာ ဒဏ်ရာရရှိကြသလို စစ်ကားတစ်စီးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲကို မြောင်ဗိုလ်ထွန်း MBTT၊ Blood Brothers၊ Hero ပျောက်ကြားတပ်ဖွဲ့၊ စော်ဘွားကြီး အထူးတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း-၂၊ စစ်ကိုင်းခရိုင်တပ်ရင်း-၆(ခွဲ၃)၊ နတ်စစ်သည်တော်များ ဖောက်ခွဲရေး Local-တပ်ပေါင်းစု တို့ပါဝင်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံအဟောင်းအသုံးပြုထားခြင်းဖြစ်သည်။
