မြန်မာရဲ့ ဖရီးဂိတ် စစ်သင်္ဘောကို ဘယ်နိုင်ငံကမှန်းမသိလို့ မေးတာကို ဘင်္ဂလားဒေ့ရှ်က အထင်ကြီးခဲ့တဲ့ပုံမျိုးဖြစ်အောင် စစ်တပ်လော်ဘီတွေနဲ့ စစ်တပ်ဝါဒဖြန့်မီဒီယာတွေ ဝါဒဖြန့်

ဒီဇင်ဘာ ၉၊ The Nation Voice

နိုင်ငံတကာစစ်သင်္ဘောများတွေ့ဆုံပွဲမှာ အကြမ်းဖက်မြန်မာ စစ်တပ်ရဲ့ ရေတပ်ကလည်း တည်ဆောက်ထားတဲ့ ကျန်စစ်သား စစ်ရေယာဉ်နဲ့ သွားရောက်ပြသခဲ့ပါတယ်။

အဲဒီစစ်ရေယာဉ်တွေပြသတဲ့ပွဲမှာ ဖရီးဂိတ် (ကျန်စစ်သား) ချီတက် မောင်းနှင်ပြတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိန်းဟာစီနာက ဘယ်နိုင်ငံက သင်္ဘောလဲလို့ သူ့ရဲ့ ရေတပ်စစ်ဦးစီးချုပ်ကို မေးမြန်းခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိန်းဟာစီနာက သင်္ဘောတစီး ချီတက်လာချိန်မှာ ဘယ်နိုင်ငံက သင်္ဘောလဲဆိုတာကို သူ့ရဲ့ ရေတပ်ဦးစီးကို မေးမြန်းခဲ့ပေမယ့် မြန်မာရဲ့ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေတွေကတော့ ကျန်စစ်သားချီတာလာတဲ့အချိန်ကိုပဲ စခရင်လျှော့ပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်ကပဲ အထင်ကြီးနေသယောင်ယောင် ပြောဆို ဝါဒဖြန့်ခဲ့ကြတာပါ။

“ အခုဘင်္ဂလားဒေ့နိုင်ငံ ကော့ဘဇားမှာကျင်းပပြုလုပ်နေကြတဲ့ International Fleet Review 2022 မှာ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ အပါအဝင်နိုင်ငံပေါင်းများစွာက စစ်သင်္ဘောတွေ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်နေကြတယ်ဆိုတာ မြန်မာရေတပ် ဖရီးဂိတ်သင်္ဘော ကျန်စစ်သား F-12 က CO ကို အမေရိကန်တို့ ထိုင်းတို့ရဲ့ CO တွေထက် စောပြီး စီနီယာထားကာ ဟာစီနာကို မိတ်ဆက်ခိုင်းတာ။ ကျန်စစ်သား F-12 က ဟာစီနာကို ဂုဏ်ပြုချီတက်ဖြတ်မောင်းပြတဲ့အချိန် ဘင်္ဂလားရေတပ်ဦးစီးချုပ် အလုပ်ရှုပ်ပြီး ကတ်တလောက်စာအုပ်ယူ ဟာစီနာကိုရှင်းပြ။ ဟာစီနာကလည်း ဒါ မြန်မာဆောက်တာဟုတ်ရဲ့လား ဆိုတဲ့ပုံစံမျိုးမျက်နှာအမူအယာပြ” ဆိုတဲ့ ဝါဒဖြန့်တဲ့ ပြောစကားတွေကို စစ်တပ်လော်ဘီတွေက ပြောဆိုခဲ့ကြပါတယ်။

နိုင်ငံတကာရေတပ်သင်္ဘောများတွေ့ဆုံပွဲမှာ အမေရိကန်ပြည်ထောင်စု၊ UK ၊ ဂျာမနီ၊ အီတလီ၊ ဆော်ဒီအာရေဗျ၊ အိန္ဒိယ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ တူရကီ နဲ့ နယ်သာလန်နိုင်ငံအပါအဝင် နိုင်ငံ (၂၈) နိုင်ငံက ရေတပ်နဲ့ ရေကြောင်းသွားလာရေးအဖွဲ့တွေက ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

အဲဒါကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ဟာစီနာကို နိုင်ငံတကာရေတပ်သင်္ဘောတွေက တန်းစီ ချီတက်နှုတ်ဆက်ကြရာ အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ သင်္ဘောတွေထက် အကြမ်းဖက်စစ်ကောင်စီရဲ့ သင်္ဘောကိုပဲ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က စိတ်ဝင်စားနေတယ်လို့ စစ်တပ်လော်ဘီတွေက တတွင်တွင်ပြောဆိုနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *