ဂန့်ဂေါမြို့မှာ စစ်အုပ်စုက လျှပ်စစ်မီတာခတွေ ပြန်ကောက်ဖို့ လုပ်လာလို့ ဒေသခံတွေ အခက်ကြုံနေ

ဒီဇင်ဘာ ၁၁၊ The Nation Voice

အာဏာသိမ်းပြီး (၂) နှစ်ခန့်အကြာမှာမှ စစ်အုပ်စုက လျှပ်စစ်မီတာခတွေ ပြန်လည်ကောက်ခံဖို့ လုပ်လာလို့ မကွေးတိုင်း၊ ဂန့်ဂေါမြို့ ဒေသခံပြည်သူတွေ အခက်အခဲကြုံနေရတယ်လို့ စုံစမ်းသိရပါတယ်။

စစ်အုပ်စု အာဏာသိမ်းပြီး လပိုင်းမျှအကြာထဲက မီတာမဆောင်ဘဲနေလာခဲ့ရာ အခုချိန်မှာ အိမ်သုံးမီတာအတွက် တချို့ ကျပ် (၁၀)သိန်းခန့် ပေးဆောင်ရမယ့်သူတွေရှိသလို အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေဆိုရင် ကျပ်သိန်း (၁၀၀)ဝန်းကျင်ထိ ပေးဆောင်ရမယ့်သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မနေ့ ဒီဇင်ဘာ (၁၀)ရက်က ဂန့်ဂေါမြို့ပေါ် စည်ပင်ရပ်ကွက်နဲ့ ကျောတိုက်ရပ်ကွက်တွေက နေအိမ်တွေကို စစ်အုပ်စုက မီတာစာရွက်တွေ လိုက်ပေးထားပြီး မီတာခမဆောင်သူတွေကို ဖမ်းဆီးအရေးယူတာ၊ နေအိမ်တွေချိတ်ပိတ်တာတွေ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အကြောင်း ရပ်ကွက်နေပြည်သူတွေထံက သိရပါတယ်။

ဒါကြောင့် စစ်အုပ်စုရဲ့ အခုလုပ်ရပ်အပေါ် တော်လှန်ရေးတပ်ဖွဲ့တွေက တစ်နည်းနည်းနဲ့ အဆင်ပြေအောင် ဖြေရှင်းပေးဖို့ ဂန့်ဂေါဒေသခံတွေက လိုလားနေကြပါတယ်။

ပုံစာ၊ ဂန့်ဂေါမြို့မစျေးအား စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းတွေက လိုက်စစ်နေစဥ်(ပုံဟောင်း)

Leave a Reply

Your email address will not be published. Required fields are marked *