နမ့်ဆန်တိုက်ပွဲ စစ်ရှောင် တစ်ထောင်ခန့်ရှိလာကြောင်း TNLA အသိပေး၊ ဒီမနက်လည်း တိုက်ပွဲဆက်ဖြစ်နေ

ဒီဇင်ဘာ ၁၁၊ The Nation Voice

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာနဲ့ဟူမန်းကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း တအာင်းတပ်မတော်(TNLA)က ဒီမနက်မှာ သတင်းထုတ်ပြန်ပါတယ်။

မနေ့ညပိုင်းကနေ ဒီမနက် ၆နာရီအထိ စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာအပြင် လေကြောင်းကနေ ပစ်မှတ်ရှာတာမျိုးလည်း လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က မနေ့က တစ်ရက်တည်း ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ်အသုံးပြုပြီးလေကြောင်း တိုက်ခိုက်မှု (၁၁)ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့အဲဒီ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ကျဆုံးမှု ရှိမရှိကို ဖော်ပြမထားပါဘူး။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်းရှိကျေးရွာ (၄)ရွာက ဒေသခံတစ်ထောင်ခန့်စစ်ဘေးရှောင်နေကြရတယ်လို့ အသိပေးထားပါတယ်။

TNLA နဲ့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၇ရက်က စပြီး နမ့်ဆန်မြို့နယ်မှာ တိုက်ပွဲဖြစ်ခဲ့တာပါ။ စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ စစ်အင်အားချပြီး ထိုးစစ်ဆင်လာတာကြောင့် အဲဒီနေ့ မွန်းလွဲပိုင်းက တိုက်ပွဲစတင်ခဲ့ပြီး ဒီနေ့ ဒီဇင်ဘာ ၁၁ရက် မနက်အထိ တိုက်ပွဲဆက်တိုက်ဖြစ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *