ဒီဇင်ဘာ ၁၁၊ The Nation Voice
စစ်ကိုင်းတိုင်း၊ မြောင်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဆင်ခေါင်းတောင်အရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရှေ့ထွက်မိုင်းနှစ်လုံး ဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။
မနေ့က မနက် (၁၀) နာရီလောက်မှာ ဆင်ခေါင်းတောင်ရဲ့ အရှေ့မြောက်ဘက်အရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက (၄၀) မမနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စစ်တပ်က ပြန်လည်ပစ်ခတ်ခဲ့ကြပေမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
အဲဒီ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား လေးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မိုင်းစစ်ဆင်ရေးအား CDSOM ရဲ့ တူမီးဖိုက်တာအဖွဲ့၊ CDSOM မြောက်ပိုင်း 012 အဖွဲ့၊ CDSOM မြောက်ပိုင်း 007 အဖွဲ့နှင့်အတူ ပြည်သူ့တပ်မတော် (မြောင်)၊ စစ်ကိုင်းခရိုင် တပ်ရင်း (၆) တပ်ခွဲ (၃)၊ တပ်ရင်း (၂) တပ်ခွဲ (၃) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွက် မဟာမိတ်တွေဖြစ်တဲ့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ Myinmu Civil Revolution Force – CRF Myinmu၊ ချောင်းဦး မြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army – CRAနဲ့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – Myaung Special People’s Defense Force – MSPDF တို့က စစ်ကူပေးဖို့ အသင့်စောင့်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။
