စစ်ကောင်စီတပ်က မနေ့ညပိုင်းမှာ ပေါင် (၅၀၀)ဗုံးတွေကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ထုတ်ပြန်

ဒီဇင်ဘာ ၁၂၊ The Nation Voice

တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ နမ့်ဆန်မြို့နယ်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်က အလေးချိန် ပေါင် (၅၀၀) ရှိတဲ့ ဗုံးတွေ အသုံးပြု တိုက်ခိုက်လာတယ်လို့ TNLA က ဒီမနက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် ထိုးစစ်ဆင်လာလို့ ဒီဇင်ဘာ ၇ရက်ကနေ စတင်ခဲ့တဲ့တိုက်ပွဲဟာ ဒီကနေ့မနက်အထိ ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့ညက တိုက်ပွဲမှာ ပေါင် (၅၀၀) ဗုံးတွေသုံးပြီး TNLA နဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးကို (၂)ကြိမ် နမ့်ဆန်မြို့နယ် ရေပုံးကျေးရွာနားကို (၃)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ထိခိုက်မှုမရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

TNLA နဲ့ စစ်ကောင်စီတို့ ဖြစ်ပွားနေတဲ့ နမ့်ဆန်တိုက်ပွဲ (၅)ရက်တာအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်တာ နေ့စဉ်လုပ်ဆောင်လျက်ရှိရာ တိုက်လေယာဉ်နဲ့ရဟတ်ယာဉ် အသုံးပြု တိုက်ခိုက်မှုပေါင်း အကြိမ်(၄၀) ကျော်ရှိကြောင်း TNLA သတင်းနဲ့ ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောကြားထားပါတယ်။

တိုက်ပွဲကာလအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိပေမယ့် အသေးစိတ်အခြေအနေတွေကို တရားဝင်ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။

နမ့်ဆန်တိုက်ပွဲကြောင့် ဒေသတွင်းက ကျေးရွာ များမှ ပြည်သူ (၁၅၀၀)လောက် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

Photo credit – Shwe Phee Myay News Agency

tnla#နမ့်ဆန်#ဗုံးကြဲ#

Leave a Reply

Your email address will not be published. Required fields are marked *