ခလရ (၇၈) ရဲ့ စစ်ကြောင်း မိုင်းဆွဲခံရပြီး စကစ လေးဦးပွဲချင်းပြီးသေသလို လေးဦး ခြေပြတ်လက်ပြတ်ဖြစ်၊

ဒီဇင်ဘာ ၁၃၊ The Nation Voice

အကြမ်းဖက်စစ်ကောင်စီ တပ်မ (၈၈) လက်အောက်ခံ ခလရ (၇၈)စစ်ကြောင်းမှူး ဇေယျာမင်းဦးစီးတဲ့ အင်အား (၆၇) ယောက် အဖွဲ့ဟာ ဒီဇင်ဘာ (၁၁) ရက်က ကသာခရိုင် ချောင်းဝရွာ ကနေ မိုးဒါလေး ဘက်ကိုစစ်ရေး လှုပ်ရှားမှု ပြုလုပ်လာခဲ့ပါတယ်။

အဲဒီစစ်ကြောင်းကို ချောင်းဝရွာ နဲ့ နေားတန်း အကြား ဗိုလ်မိုးကြိုး တပ်ခွဲက မိုင်းဆရာ ဗိုလ်ဂုဏ်မာန် ရဲ့ သတ်ကွင်းထဲကို ဝင်ရောက်ခဲ့တဲ့အတွက် (၄)ဦး သေဆုံးခဲ့သလို (၁၀)ဦးထက်မနည်း ထိခိုက်သွားခဲ့ရပြီး ထမ်းတံပိုး နှစ်ယောက်တစ်တွဲ (၈) တွဲ ထမ်းသယ်သွားခဲ့ရတယ်လို့ MYOHLA K-PDF က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် (၄)ယောက်ကတော့ မိုင်းကွင်းထဲမှာပဲ ခြေပြတ်လက်ပြတ်တွေ ဖြစ်သွားခဲ့ရပြီး နေားတန်းနဲ့ အနီးတစ်ဝိုက်မှာပဲ မြေမြုတ်သွားတယ်လို့ သိရပါတယ်။

ချောင်းဝရွာကနေ စထွက်လာကတည်း အကြမ်းဖက်စစ်သားတွေဟာ ကိုယ်ဝန်ဆောင်မိခင်ကို သေနတ်နဲ့ထောက်ပြီး ခြေထောက်နဲ့ ကန်ကြောက် ဟိန်းဟောက်သွားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သေဆုံးသွားပြီးနောက် အလောင်းတွေ စုံအောက် ကောက်မသွားတဲ့အတွက် မြို့လှ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ က ကောက်စုပြီး မြေမြုပ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *