ဒီဇင်ဘာ ၁၃၊ The Nation Voice
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ရေးဆွဲတဲ့ သစ်ထွင်း ပန်းချီကားကို ဆန်ရေ ပရောဂျက်အဖြစ် လုပ်ဆောင်ခဲ့တဲ့ ရန်ပုံငွေ ကံစမ်းမဲအစီအစဉ်ကနေ ရရှိတဲ့ ရန်ပုံငွေတွေဟာ ပြည်တွင်းမှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကို စီးဆင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။
ဆန်ရေ ပရောဂျက်ဟာ အမေရိကန်ဒေါ်လာ (၁.၇)သန်းအထိ ရရှိခဲ့တာဖြစ်ပြီး ရန်ပုံငွေတွေကို အရေးကြီးလိုအပ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ခွဲချထားပေးနေကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း လက်ခံရရှိနေပြီဖြစ်တဲ့အကြောင်းကို ထုတ်ပြန်လာကြပါတယ်။
ဆန်ရေပရောဂျက်ဟာ ကိုထိန်လင်း တတ်မြောက်ကျွမ်းကျင်တဲ့ လက်သမားပညာနဲ့ ပုံဖော်ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီလက်ရာဖြစ်ကာ တစ်စောင်ကို USD 100 နှုန်းနဲ့ ရောင်းချခဲ့ပြီး ဒေါ်လာ ( ၁.၇)သန်းအထိ အလှူငွေရရှိခဲ့တာပါ။
ဒီလက်မှတ်တွေကို အများဆုံး ဝယ်ပေးခဲ့ကြတာကတော့ စင်ကာပူနဲ့ အမေရိကန်နိုင်ငံက ပြည်သူတွေဖြစ်သလို အဘက်ဘက်က ကျပ်တည်းလာနေတယ်ဆိုတဲ့ မြန်မာပြည်တွင်းက ပြည်သူတွေကလည်း တတိယအများဆုံး ဝယ်တဲ့နေရာမှာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။
