စစ်ခေါင်းဆောင်တွေ အရှိုက်ထိ
ဒီဇင်ဘာ ၁၃၊ The Nation Voice
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် တစ်နှစ် ဆက်လက်ထားရှိဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ Credential ကော်မတီက ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအစည်းအဝေးအတွင်းနိုင်ငံကိုယ်စားပြုမှု သတ်မှတ်တဲ့ Credential ကော်မတီ အစည်းအဝေးကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိအတိုင်းဆက်ထားဖို့သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။
ကုလသမဂ္ဂ Credential ကော်မတီမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် အမေရိကန်၊ ရုရှား ၊ တရုတ် တို့အပါအဝင် နိုင်ငံ (၉) နိုင်ငံပါဝင်ကြပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရုရှားက ကန့်ကွက်ခဲ့ပေမယ့်လည်း မနေ့က ခုလိုဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်တွေဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုတဲ့နေရာအတွက် သူတို့ရဲ့ လူကို စေလွှတ်ဖို့ အာဏာသိမ်းပြီးကတည်း ကြိုးစားခဲ့ပေမယ့် ယနေ့အထိမအောင်မြင်ခဲ့ဘဲ ဦးကျော်မိုးထွန်းကို ဖယ်ထုတ်ဖို့လည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ကုလရဲ့ အခုဆုံးဖြတ်ချက်ကြောင့် စစ်ခေါင်းဆောင်တွေရဲ့ အရှိုက်ကို ထိစေတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဒီမိုကရေစီဘက်တော်သားတွေက သုံးသပ်ထားပါတယ်။
