ဒီဇင်ဘာ ၁၉၊ The Nation Voice
မကွေးတိုင်း၊မြိုင်နယ် ကျောက်ခွက်ရေနံမြေ well2 အတွင်းက စကစတပ်စခန်းတစ်ခုကို မနေ့က ဒီဇင်ဘာ (၁၈)ရက်မှာ ဒေသခံတပ်တွေနဲ့အတူ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Black God ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မနေ့က ညနေ(၃)နာရီကျော်လောက်မှာ ဒေသခံတပ်တွေက အဲ့ဒီစစ်တပ်တပ်စခန်းကို ဒရုန်းနဲ့ အီနာဂါဗုံးသီးချတိုက်ခိုက်တာ၊တာဝေးပစ်လက်နက်ကြီးတွေအပါအဝင် လက်နက်ငယ်တွေနဲ့ပါ (၄၅)မိနစ်ခန့်ကြာအောင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စကစဘက်ကလည်းပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ် လို့ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ စကစဘက်က ထိခိုက်၊သေဆုံးမှုတွေရှိနိုင်ပြီး စာရင်းအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ BlackGod ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ BlackGod ပြောက်ကျားတပ်ဖွဲ့နဲ့အတူ အခြားဒေသခံမဟာမိတ်တပ်အများအပြားက အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်းအတွင်းက ဒေသခံတပ်တွေဟာ ကျောက်ခွက်ရေနံမြေ Well 2 အတွင်းက စစ်တပ်တပ်စခန်းကို မကြာခနဆိုသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ဒရုံးနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေကို လုပ်ဆောင်လျှက်ရှိနေပါတယ်။
#thenationvoicemyanmar#pdf#black_god#ကျောက်ခွက်#မြိုင်#မကွေး
