ပခုက္ကူ-မြစ်ခြေ-ကျွန်းချောင်းလမ်းပေါ် ဆိုင်ကယ်နဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်၊ တစ်ဦးဒဏ်ရာရ

ဒီဇင်ဘာ ၁၉၊ The Nation Voice

မကွေးတိုင်း၊ ပခုက္ကူ-မြစ်ခြေ-ကျွန်းချောင်းလမ်းပေါ် ဆိုင်ကယ်နဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးဒဏ်ရာရသွားတယ်လို့ မြိုင်(ပကဖ)က ပြောပါတယ်။ မနေ့ ဒီဇင်ဘာ (၁၈)ရက်၊ ညနေ (၄) နာရီလောက်က ပခုက္ကူမြို့နယ် မြစ်ခြေ-ကျွန်းချောင်းလမ်း ဆိတ်ခဝကျေးရွာနား ဆိုင်ကယ်လေးစီး အင်အားရှစ်ယောက်နဲ့ ရောက်နေတဲ့ စစ်ကောင်စီတပ်တွေက မြိုင်(ပကဖ) ရဲဘော်တွေကို အရင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် တော်လှန်ရေးရဲဘော်တွေဘက်က ဆိုင်ကယ်ရပ်ပြီး စစ်ကောင်စီတပ်ကို ပြန်လည်ပစ်ခတ်ရာမှာ တစ်ဦးပေါင်ထိမှန်ဒဏ်ရာ ရသွားတယ်လို့ မြိုင်(ပကဖ)က ပြောပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု (၃) မိနစ်ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်က အင်အားများနေတာကြောင့် တော်လှန်ရေးရဲဘော်တွေ ပြန်ဆုတ်ခဲ့ရပေမယ့် အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ #thenationvoicemyanmar #ပခုက္ကူ #မြစ်ခြေ-ကျွန်းချောင်းလမ်း #ပစ်ခတ်တိုက်ခိုက်

Leave a Reply

Your email address will not be published. Required fields are marked *