ဒီဇင်ဘာ ၂၀၊ The Nation Voice
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတော ပျူကျေးရွာကို ပါဆယ်မိုင်းပို့ပြီး တိုက်ခိုက်တာကြောင့် တစ်ဦးသေပြီး တစ်ဦး မသေမရှင်ဖြစ်သွားတယ်လို့ C&T SHWEBO ဗိုလ်မိကျောင်းအဖွဲ့ နဲ့ ကျားပျံအဖွဲ့က ထုတ်ပြန်ပါတယ်။
မနေ့ မနက်ပိုင်းက တည်သီးတောရွာမှာရှိတဲ့ ပျူတွေဆီကို ပါဆယ်မိုင်းပို့ပြီး အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ပျူတစ်ဦးသေပြီး နေ့လယ် (၁၂) နာရီမှာလည်း ကျေးရွာအနောက်ဖက်မှာရှိတဲ့ ညောင်ကိုင်းပျူရွာမှာရှိတဲ့ ပျူတွေဆီကို ပါဆယ်မိုင်းပို့ပြီး တိုက်ခိုက်တာကြောင့် ပျူတစ်ဦး မသေမရှင်ဖြစ်နေတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ပျူတွေကို ကုသဖို့ ဆေးဆရာသွားခေါ်ပေမယ့် မလိုက်တာကြောင့် သေနတ်နဲ့ ခြိမ်းခြောက်ခေါ်ဆောင်ခဲ့ရသေးတယ်လို့လည်း C&T SHWEBO က ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို C&T SHWEBO (LPDF)အဖွဲ့ နဲ့ တိုက်နယ်-၂ မဟာမိတ်ညီနောင်ရဲဘော်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
#ရွှေဘို#ပျူစောထီး#ပါဆယ်မိုင်း
